

စိုးရိမ်ပူပန်မှုကင်းသောစိတ်ရှိခြင်း
၁၉၈၅ ခုနှစ်ထုတ် Generation to Generation စာအုပ်တွင် မိသားစုကုထုံးပညာရှင်နှင့် Rabbi Edwin Friedman(ရဗ္ဗိအက်ဒ်ဝင်ဖရီးမင်းတို့က “စိတ်ပူပန်မှု ကင်းသော တည်ရှိမှု”ဟူသော စကားစုကို မိတ်ဆက်ပေးခဲ့သည်။ နောက်ပိုင်းတွင် ဖရီးမင်း၏ A Failure of Nerve စာတမ်းတွင် “ခေတ်သစ် အမေရိက၏အခြေအနေသည် နာတာရှည်စိုးရိမ်ပူပန်မှုများ ဖြစ်လာပြီး၊ ကျွန်ုပ်တို့၏လူ့အဖွဲ့အစည်းသည် စိုးရိမ်ပူပန်မှု၌ တဝဲလယ်လယ် မအောင်နိုင်။ ထိုသို့ စိတ်ပိုင်းဆိုင်ရာဆုတ်ယုတ်မှုက ကောင်းမွန်သောခေါင်းဆောင်မှုအတွက် အဆိပ်အတောက်ဖြစ်စေသည်”ဟု ဖော်ပြ ထားသည်။ ဖရီးမင်းသည် — မိသားစု၊ အလုပ်ခွင်၊ အသင်းတော်စသည့် အစုအဖွဲ့အတွင်း နာတာရှည်စိုးရိမ်ပူပန်မှုမည်သို့ပျံ့နှံ့သည်ကို အာရုံစိုက်ခဲ့သည်။ ထိုသဘောအတိုင်းပင် ခေါင်းဆောင်တစ်ဦးသည် မုန်တိုင်းအလယ်တွင် စိုးရိမ်ပူပန်မှုကင်းပြီး ငြိမ်သက်နေနိုင်သူတစ်ဦးဖြစ်သောအခါ အစုအဖွဲ့တစ်ခုမှတစ်ဆင့် လူအသီးသီးတို့ထံ စိုးရိမ်ပူပန်မှုကင်းသောစိတ် ပျံ့နှံ့သွားအောင် မစနိုင်ပေသည်။
ဆာလံ ၄ သည် ဘဝမုန်တိုင်းများအလယ်တွင် ဒါဝိဒ်ရေးသားခဲ့သော ဆာလံဖြစ်သည်။…

သခင်ယေရှုကို ဂုဏ်ပြုခြင်း
“John Daniels, Sr Random Act of Kindness Day”(ဂျွန်ဒယ်နီယယ်စ်၊ အလျဥ်း သင့်သလို ကြင်နာမှုပြသောနေ့)ဟု ရေးထားသည့် စာအိတ်ထဲတွင် ဒေါ်လာ ၂၀ တန်တစ်ရွက်နှင့် ယေရှုအကြောင်း လက်ကမ်းစာစောင် ၂ စောင်ပါပြီး၊ ကောလိပ်ကျောင်းဝင်း၌ လမ်းလျှောက်သွားစဥ် ကျွန်တော့်ကို အမျိုးသမီးတစ်ဦးက ပေးခဲ့သည်။ အစောပိုင်း တစ်နှစ်က ဂျွန်သည် အိုးအိမ်မဲ့တစ်ဦးအား ကူညီရင်း ခရစ်တော်၏မေတ္တာအကြောင်း ဝေမျှပေးပြီးနောက် ကားတိုက်ခံရပြီး သေဆုံးသွားခဲ့သည်။ ထိုနေ့တွင် တွေ့ခဲ့သော အမျိုးသမီးနှင့်အတူ ဂျွန်၏ မိသားစုဝင်များ၌ ဂျွန်၏အပြောနှင့်အလုပ်ညီသည့် သက်သေခံခြင်း၏ အကျိုးက ဆက်လက်ရှင်သန်နေသည်။
မဿဲ ၂၆:၁၃ တွင်“ငါအမှန်ဆိုသည်ကား၊ ဧဝံဂေလိတရားကို မြေတစ်ပြင်လုံးတွင် ဟောသောအရပ်ရပ်တို့၌ ဤမိန်းမကို အောက်မေ့စရာဖို့ သူပြုသောဤအမှုကို ကြားပြောရကြလတံ့”ဟူသည့် သခင်ယေရှု၏စကားများက အမျိုးသမီး တစ်ဦးကို အောက်မေ့သတိရစေသည်။ သခင်ခရစ်တော်အတွက် ထိုအမျိုးသမီး၏ နူးညံ့သောနှလုံးသားက…

အလဲအလှယ်
ဧလိယသည် သူ့သူငယ်ချင်းများနှင့်ကစားရင်း ဒေါ်လာတဆယ်တန်တစ်ရွက်ကို မတော်တဆ ဆုတ်ဖြဲမိရာ၊ သူ့အဖေက သားကို ဆိုဆုံးမမည့်အစား စုတ်ပြဲသွားသောငွေစက္ကူကို ပိုက်ဆံအိတ်မှ အသစ်တစ်ခုနှင့် လဲပေးမည်ဟု ပြောလိုက်သည်။
“ဘာလို့ဒီလိုလုပ်တာလဲ”ဟု ဧလိယက ဇဝေဇဝါဖြစ်ပြီး မေးလိုက်သည်။ “တစ်ချက်က မင်းဟာ ငါ့သားဖြစ်တယ်။ နောက်ပြီး ဒီအရာက ငါတို့အတွက် ယေရှုဘာလုပ်ပေးခဲ့တယ်ဆိုတာကို သတိရစေတယ်။ သူ့အသက်နဲ့ ငါတို့အသက်ကို လဲလှယ်ပေးဖို့ကြွလာလို့ အခုဆို ငါတို့ဟာ အသစ်သောအသက်နဲ့ အသက်ရှင်နိုင်ပြီဖြစ်တယ်”ဟု သူ၏အဖေက ရှင်းပြသည်။
ကျွန်ုပ်တို့တစ်ဦးစီတိုင်းကို ဘုရားသခင်ဖန်ဆင်းထားသောကြောင့် လူသားတိုင်း အဖိုးတန်သည်။ သို့သော် ကျွန်ုပ်တို့၏အပြစ်သဘော- “အပြစ်တရား၏ကိုယ်” (ရော ၆:၆) သည် ဘုရားသခင်၏မြင့်မြတ်သန့်ရှင်းခြင်းနှင့်ထိုက်တန်သောအသက်တာဖြင့် ကျွန်ုပ်တို့အသက်မရှင်အောင် တားဆီးသည်။ ထို့ကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့အပေါ်ထားသည့် ကြီးမားသောချစ်ခြင်းမေတ္တာဖြင့် ကျွန်ုပ်တို့၏ အပြစ်ကို ပေးဆပ်ရန် သူ၏သားတော်ကို လိုလိုလားလား ပေးခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏လူဟောင်းကို အသေသတ်ပြီး၊…

ထောင်လွှားသူများ၏ကျဆုံးခန်း
ဂျွန်တေလာ (John Taylor) သည် ၁၇၀၀ ခုနှစ်များအတွင်း ဗြိတိသျှလူမျိုး မျက်စိ ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်ပြီး၊ မောက်မာမှု၏တွန်းအားကြောင့် လီဆယ်ကာ သူ၏ သိက္ခာနှင့် ဂုဏ်အသရေသတင်းကို လုပ်ကြံပြောဆိုခဲ့သည်။ သူသည် ကျော်ကြားမှု နောက်လိုက်ကာ ဒုတိယမြောက်ဂျော့ချ်ဘုရင် (King George II)၏ကိုယ်ပိုင် မျက်စိဆရာဝန် ဖြစ်လာခဲ့သည်။ တေလာသည် ကျေးလက်ဒေသသို့ခရီးထွက်ကာ အံ့ဖွယ်ကုသနည်းများပေးမည်ဟု ကတိပြုသည့် ဆေးဘက်ဆိုင်ရာပွဲများ ကျင်းပပြီး၊ ညရိပ်ခိုကာ ရွာသားများ၏ငွေအိတ်များကို သယ်လျက် မကြာခဏ ရှောင်တိမ်းထွက်သွားသည်။ သို့သော်လည်း မှတ်တမ်းများအရ တေလာသည် တတ်ယောင်ကား သမားတစ်ဦးဖြစ်ပြီး၊ ရာနှင့်ချီသည့်လူနာများစွာကို မျက်စိကွယ်စေခဲ့ဟန်ရှိကြောင်း ဖော်ပြထားသည်။ သမိုင်းက သူ့ကို ဆေးဘက်ဆိုင်ရာအထင်ကရတစ်ဦးအဖြစ်မဟုတ်ဘဲ၊ ရာစုနှစ်၏အကြီးကျယ်ဆုံး တေးရေးဆရာနှစ်ဦးဖြစ်သော ဘတ်ခ် (Bach) နှင့်ဟန်ဒယ်လ်(Handel)တို့၏အမြင်အာရုံကို ဖျက်ဆီးခဲ့သူအဖြစ် သတ်မှတ်ခဲ့သည်။
တေလာသည် ဂုဏ်အသေရေနှင့်ချီးကျူးမှုကို တောင့်တခဲ့သော်လည်း သူ့သမိုင်း က သူ၏အလိမ်အညာများ၊ သူပြုခဲ့သည့်အရှက်တကွဲအကျိုးနည်းမှုနှင့်နာကျင်စေမှု များကို ဖော်ပြနေသည်။…
